♠ဗုဒ္ဓ သရဏံ ဂစ္ဆာမိ ဓမံ္မ သရဏံ ဂစ္ဆာမိ သံယံ သရဏံ ဂစ္ဆာမိ♠

Sunday, 12 February 2012

မသေခင်ဘာလုပ်ကြမလဲ

သံသရာရဟတ်ကြီးထဲမှာ
ကမ္ဘာလဆန်း ၁ ရက်နေ့ကတည်းက
ငါလည်းချာချာလည်ခဲ့ တာ
အခုချိန်ထိပဲလေ..................
နိမ့် လိုက် မြင့် လိုက်
ရှုံးလိုက် နိုင်လိုက်
အောက်ကလူ အထက်တက်
အထက်ကလူ အောက်ပြန်ဆင်း
စုံချည်ဆန်ချည်နဲ့ 
မဆုံးနိုင်တဲ့  သံသရာထဲမှာ
ငါလည်းလူသားတစ်ယောက်အနေနဲ့ 
ကျင်လည်နေခဲ့ ရတယ်...................
ပခုံးနှစ်ဖက်ကြား ခေါင်းပေါက်တိုင်း
လူတော့ မဟုတ်ဘူး
လူဆိုတာ................အသိဥာဏ်ရှိရမယ်
ဂရုနာစိတ်ရှိရတယ်
သနား ကြင်နာတတ်ရတယ်
ကိုယ်ချင်းစာစိတ်လည်းရှိရတယ်
အမှန်ကိုလည်း မြင်တတ်ရတယ်လေ................
 ဗုဒ္ဓဘာသာဝင်လူသားအဖြစ်နဲ့ 
လူ့ လောကြီးမှာ ရပ်တည်နေရင်
ရွေးစရာလမ်းတွေ ပွင့် နေတယ်
ငရဲပြည် သွားချင်လည်းရတယ်
နတ်ပြည် သွားချင်လည်းရတယ်
ဗြမ္မာပြည် သွားချင်လည်းရတယ်
လမ်းဆုံးဖြစ်တဲ့   နိဗ္ဗာန်လည်းသွားလို့ ရတယ်...........
မသေခင်တော့ ချစ်လိုက်ကြတာ
သေတဲ့ မသာဘေး ဘယ်သူကပ်ချင်ကြသေးလဲ
တချို့ က လျှာအရိုးမရှိတိုင်း လျှောက်ပြောတယ်
ဖြစ်နိုင်ရင်တဲ့  အာဂတွင်းထဲတောင် ငုံထားမယ့် တဲ့ 
အလကား  မရွံမရှာနဲ့ လျှောက်ပြောတာ
သေပြီးရင် အနားကိုမ ကပ်ကြတော့ ဘူး................
အပုတ်ကောင်ကို အရုပ်ဆောင်ထားတဲ့ 
ခန္တာကိုယ်ကို စွဲလမ်းမူတွေ နည်းပါးအောင်
အခုကတည်း ကြိုးစားထားပါ တဏှာဆိုတာ ကြီးလေ တိုးလေပါ

ဘယ်တော့ မှ လျှော့ မသွားဘူး..............
တဏှာဆိုတာဘာလဲဆိုတော့ 
လိုချင်တာ အားလုံးဟာ တဏှာပဲ
အင်္ကျီလိုချင်လည်း တဏှာ
ဘောင်းဘီလိုချင်လည်း တဏှာ
လှတာလေးလိုချင်လည်း  တဏှာ
တဏှာ အကြောင်းပြောမကုန်တော့ ဘူး
အဲဒါကြောင့် ပြောတာ လိုချင်တာအားလုံး တဏှာ လို့ ..............
ဘုရားရှင်တိုင်းလည်း တဏှာကို

အပြီးပိုင်စွန့် ပြီးမှ ဘု၇ားအဖြစ်ရောက် ရှိ သွားခဲ့ တာလေ
ဘုရားရှင်ဟောတဲ့ တရားတွေထဲ့ မှာ
လမ်း မှန်လည်းရှိတယ်
လမ်းဆုံးလည်းရှိတယ်
ပန်းတိုင်လည်းရှိတယ်
လမ်းတွေအားလုံးပွင့် နေတယ်
ကဲ....မသေခင်ဘာလုပ်ကြမှာလဲ..........။

No comments:

Post a Comment