နေရာက ... ရာဇဂြိုလ်မြို့ ။
အချိန်က ... ဗုဒ္ဓမြတ်စွာ မင်္ဂလာသုတ် မဟောကြားမီ ( ၁၂ ) နှစ်တာ ကာလ အချိန်ကပါ ။
ရာဇဂြိုလ်မြို့သူ မြို့သား အပေါင်းတို့ဟာ ဟိုနေရာစုစု ၊ ဒီနေရာစုစုနဲ့ သူ့အဖွဲ့ ၊ ကိုယ့်အဖွဲ့ တီးတိုးတဖုံ ၊
အော်ဟစ်တဖုံနဲ့ သူမှန်တယ် ၊ ကိုယ်မှန်တယ် ငြင်းခုန်နေကြတာဟာ မြို့အနှံ့နီးပါး ပါဘဲ ။
အဓိက ပြဿနာ က တော့ “ မင်္ဂလာ ” ပါ ။
အမြင်သန်သူတွေက အဆင်းအာရုံတွေ ခံစားနေရတာ .. “ မင်္ဂလာ ” တဲ့ ။
အကြားသန်သူတွေကလဲ ကြားရတဲ့ အာရုံသံတွေသာ .. “ မင်္ဂလာ ”ပေါ့ ။
အတွေ့အထိ အာရုံသန်သူတွေကလဲ ထိတွေ့ ခံစားရတာတွေသာ .. “ မင်္ဂလာ ” ပဲတဲ့လေ ။
ဘယ်သူကမှ မှန်အောင် မဆုံးဖြတ်နိုင်ကြဘူး ။ အဲဒီ မင်္ဂလာ ပြဿနာဟာ တစတစနဲ့ ကြီးထွားလာပြီး ၊
နတ်တွေ အချင်းချင်း ၊ ဗြဟ္မာတွေ အချင်းချင်း ငြင်းခုန်သည်ထိအောင် ပြန့်နှံ့သွာရပါတယ် ။ဒီအခါမှာ
မင်္ဂလာ ပြဿနာက သိကြားမင်းဆီ ရောက်လို့ ၊ ဖြေရှင်းချက်တွေတောင်းလို့ပေါ့ ။ သိကြားမင်းလဲ
မှန်ကန်တဲ့ အဖြေ မပေးနိုင်လို့ နတ်သားတစ်ပါးကို နတ်တမန်လုပ်ပြီး ၊ ဗုဒ္ဓမြတ်စွာထံ လွှတ်လို့
မေးလျှောက်စေပြီး ပြဿနာကို ဖြေရှင်းခဲ့ရတာပါ ။
၁၂ - နှစ်အတွင်းမှာ လူ ၊ နတ် ၊ ဗြဟ္မာ ဘယ်သူ တစ်ဦး ၊ တစ်ယောက် ၊ တစ်ပါးမှ မှန်အောင်
မဆုံးဖြတ်နိုင်ခဲ့ပါဘူး ။ ဗုဒ္ဓမြတ်စွာ ရဲ့ မင်္ဂလာသုတ် ဟောကြားမှုဖြင့်သာ ဖြေရှင်းနိုင်ခဲ့တာပါ ။ဟောကြား
တော်မူတဲ့ ဂါထာ ၁၂-ပုဒ်နဲ့ ၃၈-ဖြာ မင်္ဂလာတရားတော်ကြောင့် နတ်ဗြဟ္မာပေါင်း ကုဋေတစ်သိန်းလောက်
အရဟတ္တဖိုလ်ကို ရောက်ကြရပါတယ် ။ အနာဂါမိဖိုလ် ၊ သကဒါဂါမိဖိုလ် ၊ သောတာပတ္တိဖိုလ် ရောက်ကြ
ရတဲ့ နတ်ဗြဟ္မာတွေကတော့ မရေမတွက်နိုင်လောက်အောင်ပါဘဲ ။ အဲဒီလောက် အကျိုးကြီးတာပါ ။
နတ်ဗြဟ္မာတွေကလဲ ဒီ ၃၈-ဖြာ မင်္ဂလာတရားတော်ကို နှစ်သက်ကြတယ် ။
လူ နတ် ဗြဟ္မာ သတ္တ၀ါတွေ ကြီးပွားချမ်းသာရေး ကောင်းမြတ်တဲ့ မင်္ဂလာတရားတော်တွေကို
နေ့စဉ် ရွတ်ဖတ်ပွားများ လို့ ၊ ကျင့်ကြံအားထုတ်လို့ဖြင့် မင်္ဂလာတရားများ အစဉ်တိုးပွားစေချင်း အကျိုးဌာ
ဤ ၃၈- ဖြာမင်္ဂလာတရားတော်ကို တိုတိုရှင်းရှင်းနဲ့ နားလည်လွယ်အောင် တင်ပြလိုက်ရပါတော့တယ် ။
( ၁ )းးး အသေ၀နာစ ဗာလာနံ = လူမိုက်များကို မပေါင်သင်း ၊ မဆည်းကပ်ခြင်းသည် မင်္ဂလာ ၊
( ၂ )းးး ပဏ္ဍီတာနဉ္စ သေ၀နာ = လူလိမ္မာ- ပညာရှိတို့ကို ပေါင်းသင်းဆည်းကပ်ခြင်းသည် မင်္ဂလာ ၊
( ၃ )းးး ပူဇာစ ပူဇနေယျာနံ = ပူဇော်ထိုက်သူများကို ပူဇော်ခြင်းသည် မင်္ဂလာ ၊
( ဧတံ မင်္ဂလ-မုတ္တမံ )
( ၄ )းးး ပတိရူပဒေသ၀ါသောစ = ကုသိုလ် ၊ ပညာ ၊ ဥစ္စာ ရရာ အရပ်မှာ နေရခြင်းသည် မင်္ဂလာ ၊
( ၅ )းးး ပုဗ္ဗေစ ကတပုညတာ = ကုသိုလ်ကောင်းမှု ကြိုတင်ပြုလုပ် ရရှိထားခြင်းသည် မင်္ဂလာ ၊
( ၆ )းးး အတ္တသမ္မာ ပဏိဓိစ = စိတ်ကောင်းမွေးပြီး ၊ ကိုယ်ကျန်းမာ အောင်နေနိုင်ခြင်းသည် မင်္ဂလာ ၊
( ဧတံ မင်္ဂလ-မုတ္တမံ )
( ၇ )းးး ဗာဟုသစ္စဉ္စ = အသိပညာ၊အတတ်ပညာနဲ့ ပတ်သတ်ရာ အကြား၊အမြင် ဗဟုသုတ
ရှိခြင်းသည် မင်္ဂလာ ၊
( ၈ )းးး သိပ္ပဉ္စ = အသက်မွေးပညာကို တတ်မြောက်ထားခြင်းသည် မင်္ဂလာ ၊
( ၉ )းးး ၀ိနယောစ သုသိက္ခိတော = စည်းကမ်ရှိရှိ စားသောက် နေထိုင် သွားလာခြင်းသည် မင်္ဂလာ ၊
( ၁၀ )းးး သုဘာသိတာစ ယာ ၀ါစာ= ယဉ်ကျေးလိမ္မာပြီး၊ မှန်ကန်တဲ့ စကားတွေသာဆိုတတ်ခြင်းသည်
မင်္ဂလာ ၊
( ဧတံ မင်္ဂလ မုတ္တမံ )
( ၁၁ )းးး မာတာပိတုဥပဋ္ဌာနံ = အမိနှင့်အဖကို စိတ်ချမ်းသာ၊ကိုယ်ကျန်းမာအောင် ပြုစု လုပ်ကျွေး
ခြင်းသည် မင်္ဂလာ ၊
( ၁၂ )းးး ပုတ္တ = သားသမီးတို့ကို မကောင်း တားမြစ် ၊ ကောင်းတာ ညွှန်ကြား ၊
တတ်ပညာ သင်စေပြီး၊ အရွယ်ရောက်ရင် ဥစ္စာပေးလို့၊ ထိမ်းမြား
ပေးရခြင်းသည် မင်္ဂလာ ၊
( ၁၃ )းးး ဒါရဿ သင်္ဂဟော = မယား ကို ပြုစု လုပ်ကျွေးခြင်းသည် မင်္ဂလာ ၊
( ၁၄ )းးး အနာကုလာစ ကမ္မန္တာ = အကုသိုလ်ကင်းစင်တဲ့ စီးပွားရေး လုပ်ရခြင်းသည် မင်္ဂလာ ၊
( ဧတံ မင်္ဂလ မုတ္တမံ )
( ၁၅ )းးး ဒါနဉ္စ = တတ်စွမ်းသမျှ စေတနာ သုံးတန်ပြဋ္ဌာန်းလို့ ပေးလှူခြင်းသည် မင်္ဂလာ ၊
( ၁၆ )းးး ဓမ္မစရိယာစ = စိတ်မှု ၊ ကိုယ်မှု ၊ နှုတ်မှု သုစရိုက်တရားကျင့်သုံးခြင်းသည် မင်္ဂလာ ၊
( ၁၇ )းးး ဥာတကာနဉ္စ သင်္ဂဟော = ဆွေမျိုးတွေကို တတ်စွမ်းသမျှ ပေးကမ်းထောက်ပံ့ခြင်းသည် မင်္ဂလာ ၊
( ၁၈ )းးး အန၀ဇ္ဖာနိ ကမ္မနိ = အပြစ်ကင်းတဲ့ လူမူရေးတွေ လုပ်ရခြင်းသည် မင်္ဂလာ ၊
( ဧတံ မင်္ဂလ မုတ္တမံ )
( ၁၉ )းးး အာရတိ ၀ိရတီ ပါပါ = စိတ်မှု ၊ ကိုယ်မှု ၊ နှုတ်မှု မကောင်းတာတွေ ရှောင်ခြင်းသည် မင်္ဂလာ ၊
( ၂၀ )းးး မဇ္ဖပါနာစ ဓမ္မေသု = အရက် ၊ မူးယစ် မသောက်စားခြင်းသည် မင်္ဂလာ ၊
( ၂၁ )းးး အပ္ပမာဒေါစ ဓမ္မေသု = ကုသိုလ်တရားတို့၌ မမေ့လျော့ ၊ သတိရပြုခြင်းသည် မင်္ဂလာ ၊
( ဧတံ မင်္ဂလ မုတ္တမံ )
( ၂၂ )းးး ဂါရဝေါစ = ဘုရား ၊ တရား ၊ သံဃာ ၊ မိဘ ၊ ဆရာသမား နှင့် သက်ရွယ်ကြီးသူ ၊
ဂုဏ်သိမ်ကြီးမြင့်သူ တို့ကို ရိုသေခြင်းသည် မင်္ဂလာ ၊
( ၂၃ )းးး နိဝါတောစ = မိမိကိုယ်၌ ဘ၀င်မမြင့် ၊ မာန်မာနမရှိခြင်းသည် မင်္ဂလာ ၊
( ၂၄ )းးး သန္တုဋ္ဌိစ = သင့်ရာ ရရာ ဘ၀မျိုးနဲ့ ရောင့်ရဲ တင်းတိမ်နိုင်ခြင်းသည် မင်္ဂလာ ၊
( ၂၅ )းးး ကတညုတာ = မိမိအပေါ်ကူညီထောက်ပံ့ပေးဘူးသော သူတပါးကျေးဇူးကို အထူး
သတိရပြီး ပြန်လည်ကျေးဇူးပြုရခြင်းသည် မင်္ဂလာ ၊
( ၂၆ )းးး ကာလေန ဓမ္မဿဝနံ = အခါမလပ် တရားဓမ္မများကို ဖတ်ရှု့ နာကြားရခြင်းသည် မင်္ဂလာ ၊
( ဧတံ မင်္ဂလ မုတ္တမံ )
( ၂၇ )းးး ခန္တီစ = တုံ့ပြန်မှုမရှိ ၊ စိတ်ရင်းအတိုင်း ကျေနပ်စွာလက်ခံခြင်းသည် မင်္ဂလာ ၊
( ၂၈ )းးး သောဝစဿတာ = ကြောင်းကျိုး ညွှန်ပြတဲ့ ဆုံးမစကားတွေကို နားဝင် လက်ခံ ကျင့်သုံးခြင်း
သည် မင်္ဂလာ ၊
( ၂၉ )းးး သမဏာနဉ္စ ဒဿနံ = ကိလေသာ အပူတွေကင်းနေတဲ့ ၊ ကင်းအောင်ကျင့်ကြံနေတဲ့ ရဟန်း
သာမဏေ တွေကို ဖူးမြင်ရခြင်းသည် မင်္ဂလာ ၊
( ၃၀ )းးး ကာလေန ဓမ္မသာကစ္ဆာ = အခါမလပ် သင့်တဲ့အချိန်တွေမှာ တရားဓမ္မ ဆွေးနွေးနေရခြင်းသည်
မင်္ဂလာ ၊
( ဧတံ မင်္ဂလ မုတ္တမံ )
( ၃၁ )းးး တပေါစ = အကုသိုလ်တရားတွေဖြစ်စေတဲ့ မျက်စိ၊ နား၊ လျှာ၊ ကိုယ်၊ စိတ်-ဆိုတဲ့
ဝင်ပေါက်တွေကို ထိန်းသိမ်း စောင့်စည်းခြင်းသည် မင်္ဂလာ ၊
( ၃၂ )းးး ဗြဟ္မစရိယဉ္စ = သတ္တ၀ါအားလုံးရဲ့အပေါ်မှာ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ-ဆိုတဲ့
တရား ၄-ပါး ပွားများ အားထုတ်ခြင်းသည် မင်္ဂလာ ၊
( ၃၃ )းးး အရိယသစ္စာနဒဿနံ = အရိယတို့သိအပ်သော ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ နိရောဓသစ္စာ၊ မဂ္ဂ
သစ္စာစတဲ့ သစ္စာတရားလေးပါးကို သိမြင်ခြင်းသည် မင်္ဂလာ ၊
( ၃၄ )းးး နိဗ္ဗာနသစ္ဆိကိရိယာစ = နိဗ္ဗာန်သို့လှမ်းတက်နိုင်သော တရား ၀ိပဿနာတို့ကျင့်ကြံ သိမြင်
ဆိုက်ရောက်ရခြင်းသည် မင်္ဂလာ ၊
( ဧတံ မင်္ဂလ မုတ္တမံ )
( ၃၅ )းးး ဖုဋ္ဌဿ လောကဓမ္မေဟိ = လာဘ်ရခြင်း၊ လာဘ်မရခြင်း။
စိတ္တံ ယဿ န ကမ္ပတိ အခြွေအရံများခြင်း၊ အခြွေအရံ မရှိခြင်း။
ချီးမွမ်းခံရခြင်း၊ ကဲ့ရဲ့ခံရခြင်း။
ချမ်းသာခြင်း၊ ဆင်းရဲခြင်း .. စတဲ့ လောကဓံတရား ၈-ပါးကို
တွေ့ကြုံလာသောအခါ စိတ်မတုန်လှုပ်ခြင်းသည် မင်္ဂလာ ၊
( ၃၆ )းးး အသောကံ = မိဘဆွေမျိုး၊ ပစ္စည်းဥစ္စာ ပျက်စီးခြင်း ၊ ဆင်းရဲဒုက္ခတွေနဲ့ကြုံလာလို့
ဖြစ်လာတဲ့ သောကတွေကို ဗုဒ္ဓရဲ့ သတိပဋ္ဌာန်တရားနဲ့ဆင်ခြင်
ပယ်ဖြတ်နိုင်ခြင်းသည် မင်္ဂလာ ၊
( ၃၇ )းးး ၀ိရဇံ = တဏှာ၊ ဒေါသ၊ မောဟ-ဆိုတဲ့ သတ္တ၀ါတွေကိုညစ်နွမ်းစေတတ်တဲ့
မြူတွေကို ၀ိပဿနာအလုပ်နဲ့ ကြည်လင်သန့်ရှင်းလာစေခြင်းသည်
မင်္ဂလာ ၊
( ၃၈ )းးး ခေမံ = ဘေးရန်မှ ဝေးကွာလွန်မြောက်လို့ ချမ်းသာလှတဲ့ နိဗ္ဗာန်ကို ရရှိသူ ။
နတ်လူဗြဟ္မာ သတ္တ၀ါတွေရဲ့ ဘေးရန်ကင်ခြင်းသည် မင်္ဂလာ ။
( ဧတံ မင်္ဂလ မုတ္တမံ )
ဒီ “ မင်္ဂလာ ” တရားတော်တွေဟာ တလောကလုံး ၊ နတ် လူ ဗြဟ္မာ သတ္တ၀ါအားလုံးနဲ့
သက်ဆိုင်လို့ အကြုံးဝင်လို့နေပါတယ် ။ မင်္ဂလာတွေ များသွားလို့လဲ အသိ မရှုပ်သွားကြအုံးနော် ။
လူတိုင်းလူတိုင်း မင်္ဂလာနဲ့ နေကြတာပါ ၊ ခု စာဖတ်သူလဲ “ မင်္ဂလာ ”နဲ့နေ နေတာ သတိထားမိရဲ့လား ။
ဘာတဲ့ ၂၆-က “ ကာလေန ဓမ္မဿဝနံ ” တဲ့လေ ။ ခု-တရားဓမ္မတွေ ဖတ်ရှုနေရတာတင်ဘဲ မင်္ဂလာ
တစ်ပါးနဲ့ ပြည့်စုံနေပြီ ။ ဖတ်ရှုရင်း စိတ်သဏ္ဍာန်မှာ အကုသိုလ်တွေ ကင်းလို့ ၊ ကုသိုလ်တွေ တိုးလို့
မင်္ဂလာတွေ ထပ်တိုးလာရပြန်ပြီပေါ့ ။ အတွင်းကျကျသိလေ မင်္ဂလာတွေရှိတာ သိလေ ပါဘဲ ။
ယခုလို သာသနာ မဆိတ်သုဉ်း၊ မကွယ်ပျောက်မီ လူဖြစ်လာရတဲ့ ခုလိုအချိန်မှာ ဗုဒ္ဓမြတ်စွာ
ဟောဖေါ်ပြတဲ့ နတ် လူ ဗြဟ္မာ သတ္တ၀ါတို့ရဲ့ အကျိုးကိုဆောင်ကျဉ်းပေးတဲ့ ဒီ ၃၈-ဖြာ မင်္ဂလာတရားတော်
များကို အကျိုး များများ ရအောင် ရွတ်ဖတ်ကြကုန်၍ ကျင့်ကြံ ပွားများ အားထုတ်နိုင် ပြီးလျှင် ချမ်းသာ
ခြင်းအဖြာဖြာနဲ့လဲ ပြည့်စုံစေကာ မြတ်ဗုဒ္ဓ ထူထောင်ခဲ့သော ထေရ၀ါဒ ဗုဒ္ဓ သာသနာ အရှည်တည်တံ
ပြန့်ပွားအောင် စွမ်းစွမ်း တမံ ရွက်ဆောင်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါတော့တယ် ။
နှလုံး စိတ်ဝမ်း အေးချမ်းကြပါစေ … ။
No comments:
Post a Comment